ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ပခုက္ကူ   ဇွန်   

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်၉နာရီအချိန်က အမှတ်() အခြေခံပညာအလယ်တန်းကျောင်း၌ ဖြန့်ဝေခဲ့​ကြသည်။

အဆိုပါလက်ကမ်းစာစောင်ဖြန့်ဝေမှုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေနှင့်ဝန်ထမ်းများက အမှတ်()အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊ စာရေးဆရာ ရေနံ့သာမောင်ကျော်ညွန့်ရေးသားသည့် ရှောင်ဖယ်ဝေးဝေး မူးယစ်ဆေး ကဗျာ၊ မူးယစ်ဆေးကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ပွားနိုင်ပုံကို ရေးသားဖော်ပြထား​သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်(၂၀၀)စောင်ကို ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

တက်လူ (ယောဧရာ)