ပေါင်းတည် ဇွန်၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို ယခုလအတွက် ဆက်လက်ဆောင်ရွက်ပေးကြကြောင်းသိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှ ဦးဆောင်ညွှန်ကြားမှုနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ သန်းသန်းချစ်နှင့် ဒေါက်တာကျော်သူရထွန်းတို့က အနီးကပ်ကြီးကြပ်ကာ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများထောက်ပံ့ပေးခြင်း၊ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးလေ့ကျင့်ခန်းများပြုလုပ်ပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်မှ စတင်၍ စဉ်ဆက်မပြတ်လစဉ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရွှေသား(ပြန်/ဆက်)