ဆင်ပေါင်ဝဲမြို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

ဆင်ပေါင်ဝဲ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအားအခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြန်မာ့စီးပွားရေးဘဏ်ရုံးအတွင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်၍ သူနာပြုဆရာမများက သွေးပေါင်ချိန်တိုင်းပေးခြင်း၊ သွေးချိုဆီးချိုရောဂါ စစ်ဆေးကုသပေးခဲ့ပြီး သက်ဆိုင်ရာရောဂါများအလိုက် သောက်ဆေးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)