ဝါးခယ်မ ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ (Community Centre) ခန်းမတွင် အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စားစောင်၊ စာအုပ်စာစောင်ပြပွဲများ၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာစီစာကုံး၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဋိ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလွန်တိုးချဲ့သံကြိုးတိုင် ကျောင်းသား၊ ကျောင်းသူလေးများကို အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များပြသခြင်း၊ ဉာဏ်စမ်းပဟေဋိပြိုင်ပွဲများကျင်းပပေးခြင်း၊ ပန်းချီပြိုင်ပွဲများ ပြုလုပ်ပေးခြင်း၊ စာစီစာကုံး ပြိုင်ပွဲများကျင်းပပေးခြင်း၊ ပုံပြင်ပြောပြိုင်ပွဲများကျင်းပပေးခြင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူလေးများမှ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့သည်။
ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတမြင့်မားစေရန် ပြပွဲများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများနှင့် Talk Show များပြုလုပ်၍ အသိပညာဗဟုသုတများ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)