မအူပင် ဇွန် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ အသိပညာပေး Talk Show အား ကျင်းပပြုလုပ်သည်။
အဆိုပါအသိပညာပေး Talk Show အား မအူပင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာထွေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးတို့မှ စာသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံ၊ စာသုံးကုန် အရည်အသွေးစစ်ဆေးခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများစစ်ဆေးကြပ်မတ်ခြင်း စသည့်အကြောင်း အရာများအား အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
၎င်းအသိပညာပေး Talk Show အား အများပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်မြတ်