ပေါင်းတည် ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အ-လ-ကခွဲ(မှတ်တိုင်လမ်း)သို့ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကွင်းဆင်း ဆောင်ရွက်ကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ဟောပြောသည်။ ဆက်လက်၍ ရုပ်ပုံပါစာအုပ်ဖြင့်ပူးပေါင်းမှုအကျိုးရလာဒ်ကို ကျောင်းသား၊ကျောင်းသူများနှင့်အတူ သရုပ်ဖော်ပြသသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး(စာကြည့်တိုက်မှူး) ဒေါ်ဝင်းမြသန်းက သုံးရာသီ စက္ကူပြဇာတ်ကိုပြသပေးသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးရဲမင်းထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများဖတ်ရှုရန် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာစေခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါ သိကောင်းစရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)