သရက်ချောင်း ဇွန် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးဦးကျရာသီတွင် ခြင်များပေါက်ဖွားပြီး ၎င်းခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြား ကူးစက်ရောဂါများဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရန် ယမန်နေ့က နေအိမ်များ၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းနှင့် အခြေခံပညာကျောင်းများတွင် ခြင်မပေါက်ပွားစေရေးအတွက် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပက်သာယာရေးအဖွဲ့များက မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ခြင်ဆေးဖျန်းပေးခြင်း လုပ်ငန်းများကို လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းနှင့် အခြေခံပညာကျောင်းများ၌ အတွင်း/အပြင်၊ စာသင်ဆောင်များ၊ ကလေး/သူငယ်များ အိပ်ဆောင်များ စသည့်ဖြင့် နေရာအနှံ့အပြားတွင် ခြင်ဆေးဖျန်းပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)