လိပ်သို ဇွန် ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူသားမျိုးနွယ် တစ်ရပ်လုံးကို ပျက်သုန်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ် လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ သိရှိနိုင်စေရန် ယနေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်ပုံရိပ်များ၊ ကာတွန်းများ စသည့် အကြောင်းအရာ များကို ဖော်ပြထားကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုအား ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)