ဂန့်ဂေါမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို(ကဗျာ၊ စာစီစာကုံး)ပြိုင်ပွဲကျင်းပ

ဂန့်ဂေါ ဇွန် ၂၀

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို(ကဗျာ၊ စာစီစာကုံး)ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အ.ထ.က(ဂန့်ဂေါ)ကျောင်း၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။

အဆိုပါ ကဗျာပြိုင်ပွဲကို “တားဆီးကာကွယ် မူးယစ်အန္တရာယ်” ခေါင်းစဉ်ဖြင့်ကျင်းပပြုလုပ်ပြီး အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို “ယနေ့လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို “ရန်စွယ်မူးယစ် တိုက်ထုတ်ပစ်”၊ မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို “မူးယစ်အန္တရာယ် တို့ကာကွယ်” စသည့် ခေါင်းစဉ်များဖြင့် အ.ထ.က(ဂန့်ဂေါ)၊ အ.ထ.က(မြို့မ)၊ အ.လ.က(မြောက်ကုန်း)၊ အ.လ.က(ပြစ်မ)၊ အ.လ.က(ခွဲ)ကျောတိုက်၊ အ.လ.က(ခွဲ)စည်ပင်၊ အ.မ.က(မူလွန်)တပ်တွင်းနှင့် အ.မ.က(မူလွန်)တောင်ကုန်းစသည့်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ(၃၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးဦးအောင်ဝင်းဦးဆောင်၍ ဆရာ/မများတို့က စနစ်တကျစိစစ်အကဲဖြတ်အမှတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ကျောင်းသား/သူများအား ဂန့်ဂေါမြို့နယ်ပညာရေးစုံညီပွဲတော်တွင် ဆုများအသီးသီးချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)