စလင်း ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာ၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များမှ၊ တောမီးလောင်ခြင်းနှင့် တောမီးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ရေဘေး၊ မုန်တိုင်းဘေး၊ လေပြင်းဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ချက်များ သတိပြုလိုက်နာဆောင်ရွက်ရန် အချက် များနှင့်ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန်အချက်များအား ကျောင်းသား/ ကျောင်းသူကလေးငယ်များ သိရှိစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဟောပြောခဲ့ကာ အသိပညာပေး လက်ကမ်းစာစောင်များကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၅)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
(မောင်လွင်)စလင်း