ဖြူး ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးမှ ရန်ကုန်-မန္တလေး အမြန်လမ်း(၁၁၅)မိုင်ယာဉ်ရပ်နားစခန်းရှိ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များအား အခွန်နှင့်ပတ်သက်သည့်အချက်များအား သိရှိစေရေးအတွက် ယမန်နေ့နံနက်ပိုင်းက အဆိုပါယာဉ်ရပ်နားစခန်းရှိ DENKO, VIP–1 ခန်းမတွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း အသိပညာပေးရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှင်းလင်းပွဲတွင် ဖြူးမြို့နယ်အခွန်ဦးစီးဌာနမှ ဦးစီးမှူးက ၂၀၂၄-ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေ၊ စည်းမျဉ်းလုပ်ထုံးလုပ်နည်းများ၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းနှင့် အသိပညာပေးရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် လုပ်ငန်ရှင်များအား ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)