ကဝ ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ဒေသအတွင်းငါးသယံဇာတတိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှုမှကာကွယ်ရန်အတွက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပဲခူးမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ကဝ-ပဲခူးမြစ်ကူးတံတားတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှအောင်သိန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ပဲခူးမြစ်ရေပြင်အတွင်းသို့ ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ(၁၀၀၀၀၀)၊ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၀၀၀၀၀)နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ (၂၀၀၀၀၀)၊ စုစုပေါင်းကောင်ရေ (၄၀၀၀၀၀)အား ပဲခူးမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)