နတ်တလင်း ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်းများအား ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် ခွန်ပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့မရပ်ကွက်၊ မင်းလမ်းရှိ အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နတ်တလင်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးပြည့်မွန်မှ အခွန်ပေးဆောင်ခြင်းနှင့်ပက်သတ်သည့်များကို ရှင်းလင်းဆွေးနွေးပေးပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ဝေဝေမြင့်က ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အခွန်ထမ်းလုပ်ငန်းရှင်များ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်အကြောင်းသိကောင်းစရာများ လက်ကမ်းစာစောင်နှင့် ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)