နတ်တလင်းမြို့၌ ၂၀၂၄ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

နတ်တလင်း ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီက သက်ငယ်ပြင်ကျေိးရွာအုပ်စု၊ သနပ်ကွင်းကျေးရွာတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအသင်အဖွဲ့များ၊ ကျေးရွာသူ/ ကျေးရွာသားများ စုစုပေါင်းအင်အား (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ဦးစွာ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်လွင်စန်းမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးတို့အား စိုက်ပျိုးမည့် ပျိုးပင်များအား ပေးအပ်ခဲ့ပြီး သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်လာသူများမှ သတ်မှတ်ထားသည့် နေရာများတွင် ကျွန်း(၂၅၀)ပင်၊ မန်ဂျန်ရှား (၂၅၀)ပင်တို့အား စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)