မအူပင်မြို့၌ ယာဥ်အန္တရာယ်ကင်းရှင်း‌ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးစစ်ဆေးခြင်း ဆောင်ရွက်

မအူပင် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျမောင်းနှင်နိုင်စေရေး အသိပညာပေးစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ရွေ့လျားစနစ်ဖြင့် အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါစစ်ဆေးမှုအား အမှတ်(၈၂)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူးမိုးမြင့်ကိုမှကြီးကြပ်၍ တပ်ဖွဲ့ဝင်များမှ ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှုလျော့နည်းကျဆင်းပပျောက်စေရေးအတွက် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများ၊ မော်တော်ဆိုင်ကယ်၊ ထော်လာဂျီနှင့် မော်တော်ကားမောင်းနှင်သူများ လိုက်နာရမည့်စည်းကမ်းချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး​စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

အောင်မြင့်မြတ်(ပြန်/ဆက်)