စလင်း ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ (၇)ရက်နေ့ နံနက်(၉) နာရီအချိန်မှ စတင်ကာ ရှမ်းစုကျေးရွာအုပ်စုနှင့် ပေါက်ရင်းကုန်းကျေးရွာ အုပ်စု(၂)အုပ်စုတို့အား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ယခင်စိုက်ပျိုးစရိတ် ချေးငွေကျန်မရှိသူများကို အတိုးနှုန်း (၅)ရာခိုင်နှုန်းဖြင့် ဦးစားပေးထုတ်ပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် ချေးငွေကျပ်(၁၅၀၀၀၀)နှုန်းဖြင့် ထုတ်ပေးခဲ့ရှိကြောင်း သိရသည်။
စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီ၌ မေလဒုတိယအပတ်မှ စတင်ကာ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၃)အုပ်စုတို့မှ တောင်သူများအား လယ်ယာလုပ်ငန်းခွင်သုံး စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူအသုံးပြုဆောင်ရွက်နိုင်ကြစေရန် တောင်သူ(၇၆၇)ဦး၊ စိုက်ပျိုးဧက (၃၃၆၅) ဧကအတွက် ချေးငွေကျပ်သိန်း(၄၈၉၅)သိန်းအား ထုတ်ချေပေးနိုင်ခဲ့ကြောင်း၊ ရှမ်းစုကျေးရွာအုပ်စုမှ တောင်သူများနှင့် ပေါက်ရင်းကုန်းကျေးရွာမှ တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ကျန်ရှိနေသေးသည့် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် ချေးငွေဆပ်ပြီး ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
(မောင်လွင်)စလင်း