သရက် ဇွန် ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကြီးမှူးကျင်းပသည့် အခြေခံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခန်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲဝင်(၂)ဦးကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာ ဒီနေ့အချိန်ကာလဟာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ခြိမ်းခြောက်မှုဒဏ်ကို ကမ္ဘာနှင့်တစ်ဝန်းရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကြောင့်ဖြစ်ပါတယ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများမှာမမျှော်မှန်းနိုင်တဲ့ ဘေးအန္တရာယ်အမျိုးမျိုးဟာ လူအသက်အိုးအိမ်စည်းစိမ်တွေ အခြေခံအဆောက်အဦတွေနဲ့ သဘာဝပတ်ဝန်းကျင်တို့ကိုဆိုးရွားစွာ ထိခိုက်ပျက်စီးစေတာကို အားလုံးသိကြပြီးဖြစ်ပါတယ်လို့ ပြောကြားပေးခဲ့ သည်။
ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်အား ပြောကြားပေးခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၃၁)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇွန်လ(၁၉)ရက်မှ(၂၁)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြေင်း သိရသည်။
ဇော်ထက်(သရက်)