ကျောက်တံခါးမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD- KFS REDD+စီမံကိန်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကျောက်တံခါး ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ကိုရီးယားသစ်တောဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် FD-KFS REDD+ စီမံကိန်းနှင့် ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ယမန်နေ့က ကြာအင်းကုန်းကျေးရွာအုပ်စု၊ ကြာပင်အိုင်ကျေးရွာ ရန်ကုန်- မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၀၃)မိုင်(၆) ဖာလုံအနီးတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ သစ်တောဦးစီးဌာန၊ သစ်တောသုတေသန ညွှန်ကြားရေးမှူး ဦးစိုးတင်-၁နှင့် ဝန်ထမ်း(၃)ဦး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ သစ်တောဝန်ထမ်း(၂၅)ဦး၊ ကြာအင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ ဒေသခံပြည်သူ(၈၀)ဦး စုစုပေါင်း(၁၀၈)ဦးတို့ဖြင့် ကျွန်း(၁၀၂၅)ပင်၊ မန်ဂျန်ရှား(၂၆၄)ပင်နှင့် သီးပင်စားပင်များဖြစ်သည့် ကျွဲကော(၉၄)ပင်၊ ပိန္နဲ(၈၄)ပင်၊ သရက်(၈၄)ပင် စုစုပေါင်း(၁၅၅၁)ပင်တို့အား တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)