ရေနံချောင်း ဇွန် ၁၈
အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းတက္ကသိုလ်၌ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျင်းပသည်။
စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ သင်တန်း/စီမံ(ဌာနမှူး)များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ ၂၀၀ ဦးခန့် တက်ရောက်ကြပြီး ကံ့ကော်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ သရက်၊ ဖန်ခါး၊ သခွပ်၊ ငုဝါ၊ ငုချယ်ရီ၊ ပိတောက်၊ ပျဉ်းမ၊ နတ်ဩဇာ၊ စက္ကူပန်းပင် သစ်မျိုးစုံစုစုပေါင်း အပင် ၆၀ ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်