ကြံခင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ခိုင်မာစေရန် ယမန်နေ့နေ့လယ်ပိုင်းက ပေါက်တိုင်းကျေးရွာနှင့် ကဇင်းကြီး ကျေးရွာများရှိ ကျေးရွာစာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့်ဝန်ထမ်းများက ပေါက်တိုင်းကျေးရွာရှိ ပညာအလင်းစာကြည့်တိုက်နှင့် ကဇင်းကြီးကျေးရွာရှိ ကြိုးကြာစာကြည့်တိုက်များမှ ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ စာကြည့်တိုက်ကော်မတီဝင်များဖြင့်တွေ့ဆုံကာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များ၊ ရပ်နားနေသောစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘီငါးလုံးနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် စာကြည့်တိုက်ကော်မတီဝင်များက ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးပြီးနောက်၊ မြို့နယ်ဦးစီးအရာရှိက ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းနှင့်ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)