ချောက်မြို့၌ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ချောက် ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသတွင်း အပူချိန်လျှော့ာ့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေ ၅ နာရီက အမှတ်(၁)ရပ်ကွက် အောင်မင်္ဂလာကုန်း၌ ချောက်မြို့ အောင်မင်္ဂလာဆရာတော်အမှူးထား၍ အမှတ်(၁)ရပ်ကွက် ရေအိုးစင်ရပ်နေပြည်သူများနှင့် ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၈၂ ခုနှစ်၊ ကျောင်းသားဟောင်းများအဖွဲ့မှ ​စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းဌေးတို့ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ရန်ကုန်စက်မှုတက္ကသိုလ် ၁၉၈၂ခုနှစ်၊ ကျောင်းသားဟောင်းများအဖွဲ့နှင့် ပြည်သူများ စုစုပေါင်းအင်အား ၃၅၀ ဦးဖြင့် သတ်မှတ်နေရာများ၌ ယင်းမာ (၁၅၀)ပင်၊ စိန်ပန်း (၂၀၀)ပင်၊ ပိတောက် (၃၀၀)ပင်၊ ငုဝါ (၃၀၀)ပင်၊ သပြေဘူတ (၁၅၀)ပင်၊ စုစုပေါင်းပျိုးပင် (၁၁၀၀)ပင် စုပေါင်းစိုက်ပျိုးနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ကျော်မိုး(ပြန်/ဆက်)