ကျုံပျော်မြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျုံပျော် ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင်၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို တောချောင်းအုပ်စု၊  ရှမ်းစုကျေးရွာ၌  ယမန်နေ့ နံနက် ၈ နာရီခွဲက ပြုလုပ်သည်။

ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းတို့က ပျိုးပင်များအား စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင် ဒေါ်သွယ်သွယ်မိုးတို့ထံ ပေးအပ်သည်။

ထို့နောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့‌ဥက္ကဋ္ဌ ဦး‌ဇေယျမင်းနှင့် အဖွဲ့ဝင်များ၊   ရေကြည်မြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထူးနိုင်နှင့်  သစ်တော ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စုစုပေါင်း (၁၃၅)ဦးတို့က  ကျွန်း (၁၀၀)ပင်နှင့် ပျဉ်းကတိုး(၅၀)ပင်၊ မန်ဂျန်ရှား(၇၅)ပင်၊ ကံ့ကော်(၅၀)ပင်၊ မဟော်ဂနီ(၂၅) ပင်၊  စုစုပေါင်း အပင် (၃၀၀)အား သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်၊ ဒေသတွင်း အပူချိန်လျော့ကျလာ‌စေရန် စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)