ပဲခူးမြို့တွင် မီးလောင်မှုကြောင့် ဆိုင်ခန်း(၃)ခန်း ပျက်စီးခဲ့ရာ မီးပေါ့ဆသူအား အရေးယူ

ပဲခူး  နိုဝင်ဘာ 

ပဲခူးမြို့၌ ယမန်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်က ရပ်ကွက်ကြီး() ဗိုလ်ချုပ်အောင်ဆန်းလမ်းသွယ်နှင့် ဗိုလ်တေဇလမ်းရှိ ဆိုင်ခန်း()ခန်း မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသောကြောင့် ပဲခူးခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် များ ဖြင့် အချိန်မီ ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆိုင်ခန်းများနှင့် တွဲလျက်ရှိသော ပရိဘောဂဆိုင်မှ ပရိဘောဂပစ္စည်းများဆေးအခြောက်ခံရာတွင် အသုံးပြုသော ဟေလိုဂျင်ကျူ့မီးချောင်းအပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အဆိုပါလောင်ကျွမ်းမှုကြောင့် ၂၅ပေ×၂၅ပေ သွပ်မိုး၊ အုတ်ကာ မြေစိုက်ဆိုင်ခန်း()ခန်းအား မီးကူးစက်လောင်ကျွမ်းပျက်စီးသွားကာ မီးအားပေါ့ဆစွာ သုံးစွဲသူ ပရိဘောဂဆိုင်မှ ဦးအောင်လွင်() ဦးစိုးတင့်အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဟိန်းထက်(ပဲခူး)