ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၌ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)ကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ဟင်္သာတခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့်ပူးပေါင်း၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်က ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာက သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကိုလည်းကောင်း ပရိုဂျက်တာ၊ ပါဝါပွိုင့်များဖြင့် အကျယ်တဝံ့ ရှင်းလင်း ဟောပြောခဲ့ကြပြီးနောက် တက်ရောက်လာသူများအား ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းဝန်းအတွင်းရှိ ရေကန်များ၊ ဝန်ထမ်းအိမ်ရာများအတွင်း သုံးရေကန်များအား လိုက်လံစစ်ဆေး၍ ပိုးလောက်လမ်း မပေါက်ဖွားစေရေး အဘိတ်ဆေးခတ်ခြင်းများ ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်နှင့် ဆရာ/ဆရာများ၊ ရုံးဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက်လင်းအောင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ သူနာပြုများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အဖွဲ့ဝင်များ စုစုပေါင်း (၃၈၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)