ဒီးမော့ဆိုမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူများအား ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေး

ဒီးမော့ဆို နိုဝင်ဘာ ၁၃

ကယားပြည်နယ် ဒီးမော့ဆိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသွားအလာ ကန့်သတ် ထားသူ တစ်ဦး ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသည့်အတွက် အဆိုပါကျောင်းမှ အသွားအလာ ကန့်သတ်ထားရှိသူ ၃၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း ရှိ/မရှိ နိုဝင်ဘာ ၁၂ ရက်က RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အားလုံး Negative ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက အသွား အလာကန့်သတ်ထားသူ ၃၁ ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ပြီး အသွား အလာကန့်သတ်ထားသူများအနေနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့်အညီ သွားလာနေထိုင်ကြရန် မှာကြားခဲ့ကြောင်းနှင့် အသွားအလာကန့်သတ် ထားသူများ နေထိုင်ရာ အခန်းများနှင့်သန့်စင်ခန်းများအား ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပိုးသတ်ဆေးများ ဖြန်းပေးခဲ့ကြောင်း သိရသည်။

ရီရယ်(ပြန်/ဆက်)