ရှားတော နိုဝင်ဘာ ၁၃
ကယားပြည်နယ်၊ ရှားတောမြို့နယ် အ.ထ.ကကျောင်း၌ လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီများက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ကျရောက်မည့် (၃၁)ကြိမ်မြောက် ကမ္ဘာ့ကလေးများနေ့(UNCRC Day) အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်း၊ ဓမ္မဓိဌာန်မေးခွန်းများ ဖြေဆိုခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဥပဒေအရာရှိ ဦးရဲဝဏ္ဏထွဋ်က ကလေးသူငယ်ဆိုင်ရာ ဥပဒေအကြောင်းကို လည်းကောင်း၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီချိုက ကမ္ဘာ့ကလေးများနေ့ (UNCRC Day) အကြောင်း၊ ကလေး သူငယ် များ၏ အခွင့်အရေးနှင့် မြန်မာနိုင်ငံကလေးများနေ့ အကြောင်းကို လည်းကောင်း အသိပညာပေး ပြောကြားခဲ့သည်။
ထို့နောက် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကမ္ဘာ့ကလေးများနေ့ (UNCRC Day) အကြောင်းနှင့် ကလေးသူငယ်ဥပဒေအကြောင်းကို ဓမ္မဓိဌာန်မေးခွန်းများ မေးမြန်းခြင်း KG ကလေးငယ်များအား ဆေးရောင်ခြယ် ပြိုင်ပွဲ များ ကျင်းပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထွန်းအောင် (ပြန်/ဆက်)