၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပဲခူး ဇွန် ၁၄   

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းမှ အားကစားသမား တစ်ဦးချင်းစီက မိတ်ဆက်ခဲ့ကြသည်။        

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ တိုက်ကွမ်ဒို အားကစားအသင်းသည် အစဉ်အလာကောင်းသည့် အသင်းတစ်ခုဖြစ်ပြီး နှစ်စဉ်ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်များရရှိခဲ့ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေး အလံပေးအပ်လိုက်ခြင်း အားဖြင့် မိမိတို့ယှဉ်ပြိုင်ရမည့် အားကစားနည်းကို အနိုင်မခံ၊ အရှုံးမပေး စိတ်ဓါတ်ဖြင့် အောင်မြင်အောင် စွမ်းဆောင်ရမည့် တာဝန်ကို ပေးအပ်လိုက်ခြင်းပင်ဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် ပဲခူးတိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ် ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရိုသေလိုက်နာမှုစသည့် အခြေခံကောင်းတွေကို အစွမ်းကုန်ဖော်ထုတ်ရင်း အနိုင်ရရှိရေးအတွက် ကြိုးပမ်းယှဉ်ပြိုင်သွားကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အတွက် ကြိုတင် ပြင်ဆင်သည့် ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲအတွေ့အကြုံကောင်း ရရှိနိုင်မှာဖြစ်ပြီး နည်းပြများအနေဖြင့်လည်း ပြိုင်ပွဲအလိုက် အားသာချက်/အားနည်းချက်များကို သုံးသပ်ပြီး အကောင်းဆုံးပြင်ဆင်ထား ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ယှဉ်ပြိုင်ရမည့် အားကစားနည်းများအလိုက် သက်ဆိုင်ရာဝန်ကြီးများကို အားကစားနည်းအလိုက် တာဝန်များခွဲဝေပေးထားပြီးဖြစ်၍ အားကစားနည်းအလိုက် လူရွေးပွဲများ၊ ပြိုင်ပွဲများကို ဆောင်ရွက်၍ မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးသွားရမှာဖြစ်ကြောင်းနှင့် အားကစားနည်းအလိုက် ထူးချွန်စွာ ဆုရရှိခဲ့သူများအား ထိုက်ထိုက်တန်တန် ထပ်မံချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။     

ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်း  လူရွေးချယ်ခဲ့မှု၊ စခန်းသွင်း လေ့ကျင့်မှုနှင့် ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။         

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ်သိန်း (၂၀)အား ပေးအပ်ခဲ့ရာ အသင်းအုပ်ချုပ်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။     

ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု တိုက်ကွမ်ဒိုအသင်းမှ အမျိုးသား()ဦး၊ အမျိုးသမီး()ဦးဖြင့် နေပြည်တော်တွင် ဇွန်လ(၂၁)ရက်နေ့မှ ဇွန်လ(၂၁)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)