ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာန၌ (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ဘောဂလိ  ဇွန်  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဇွန်လ ၁၁ ရက်နေ့က (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးတွင် မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင်များဖြစ်သည့် ဒေါ်ဦးရဲဝင်းနိုင်က တပည့်တွေအကြောင်း၊ ဆရာတပည့်ပုံရိပ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မူလားလာက ကံရာဇာငယ်၏ အလှူမဏ္ဍပ်နှင့်စာသင်ရာမှာရယ်မောစရာခလည်းကောင်း၊ အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများ၊ ထင်မြင်ယူဆချက်များ၊ အရေးအသား အသုံးအနှုန်းများအား အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကြည်ကြည်ခိုင်(ပြန်/ဆက်)