ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာ၌ ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေး ဟောပြောပွဲကျင်းပ

ချောက် ဇွန် ၁၄

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ချောင်းတက်ကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)၌ ဌာနဆိုင်ရာများစုပေါင်း၍ ကျေးရွာနေ ပြည်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်​ထောက်ညွှန်ကြား​ရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “ဆိုရှယ်မီဒီယာ၏ကောင်းကျိုးဆိုးကျိုး”​ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားအုံးဆီသုံးစွဲမှုလျော့ချရေးနှင့် ဒေသထွက်မြေပဲဆီ၊ နှမ်းဆီသုံးစွဲ​စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးနေလင်း ဦးက “သဘာဝဘေးဆိုင်ရာသိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျေးရွာနေ ပြည်သူစုစု​ပေါင်း (၇၀) ဦးတက်​ရောက်ခဲ့​​ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ကျောင်းသား/သူများအား မူးယစ်​ဆေးဝါးအန္တရာယ်နှင့် စားသုံးရန်မသင့်သော အစားအစာများအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)