ကသာ ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ထောက်ပံ့မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ်(၄/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်က အဆိုပါ ကွန်ပျူတာသင်တန်းသည် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ နည်းပညာနှင့် အကျွမ်းတဝင်ဖြစ်စေရန်၊ ယနေ့တိုးတက်နေသောခေတ်တွင် လူငယ်တိုင်းဟာအနည်းဆုံး ကွန်ပျူတာပညာကို တတ်မြောက်ထားရန်၊ ကွန်ပျူတာပညာရပ်ကို စနစ်တကျလေ့လာနိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွန်ပျူတာအခြေခံသင်တန်းအပတ်စဉ်(၄/၂၀၂၄)ကို တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့် သေချာစွာ သင်ယူကြရန်မှာကြားခဲ့သည်။ ထို့နောက် ကွန်ပျူတာအခြေခံသင်တန်း(၄/၂၀၂၄)တွင် သင်ကြားသွားမည့် ဘာသာရပ်များနှင့်ပတ်သက်၍ သင်တန်းနည်းပြဆရာ ဦးသျှားညိုက ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းသား/သင်တန်းသူ(၁၀)ဦးဖြင့် နှစ်ချိန်ခွဲ၍ နံနက်(၈)နာရီမှ(၁၀)နာရီအထိ သင်တန်းသား/သင်တန်းသူ(၅)ဦးဖြင့်လည်းကောင်း၊ ညနေ(၅)နာရီမှ (၆)နာရီအထိ သင်တန်းသား/သင်တန်းသူ(၅)ဦးဖြင့်လည်းကောင်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(ကသာ)