ပဲခူးမြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူး ဇွန် ၁၃

ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။

     ဦးစွာပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ကလေးသူငယ်အခွင့်အရေးများအကြောင်းနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အကြောင်းတို့ကိုလည်းကောင်း၊ ပဲခူးမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်းမှ ကျောင်းအုပ် ဆရာမကြီးဒေါ်သန္တာစမ်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအကြောင်း အရာများကို လည်းကောင်း၊ အသီးသီးရှင်းလင်း ဟောပြောခဲ့သည်။

ထို့နောက်အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန္တာကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)