အထက်မင်းလှ ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံအထူးဇုန်လျာထားဧကပြည့်မီရေးမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကျေးရွာစိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများအား တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့မတိုက်နယ်၊ ရေနံမတိုက်နယ်နှင့် ရှမ်းတပ်တိုက်နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ တိုက်နယ်အလိုက်အဖွဲ့ခေါင်းဆောင်များက မိုးဦးကာလမိုးရွာနေပြီဖြစ်၍ မိုးသီးနှံလျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်၊ ဆီထွက်သီးနှံအထူးဇုန်ဖြစ်သည့်အတွက် မိုးနေကြာစိုက်ပျိုးရန်၊ တစ်ဧကအပင်ဦးရေ ပြည့်မီရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ အပင်သက်တမ်းအလိုက် သားခွဲပေါင်းနှုတ်ခြင်း လုပ်ငန်းများ အချိန်မီဆောင်ရွက်ကြရန်၊ ဆီထွက်သီးနှံအထူးဇုန်တွင် စိုက်ပျိုးရာ၌ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက စိုက်ပျိုးနည်းပညာများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက်ဆွေးနွေးပွဲ တက်ရောက်လာသည့် ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့်ဒေသခံတောင်သူများက ဆီထွက်သီးနှံအထူးဇုန် လျာထားချက်ပြည့်မီရေး ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးခဲ့ကြရာဆွေးနွေးချက်များအပေါ် မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)