ကဝ ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပိုင်ကျုံကြီးကျေးရွာကုန်ထုတ်လမ်း၊ ပိုင်ကျုံ-ဝက်ကုန်းလမ်း လမ်းဘေးဝဲ၊ ယာ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အခြေခံပညာအလယ်တန်းကျောင်း(ပိုင်ကျုံ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား (၂၃၅) ဦးခန်ဖြင့် သစ်တောသစ်ပင်အရိပ်ရပင်(၂၀၀၀)ပင်နှင့် စားသုံးသီးပင် (၂၀၀)ပင်တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)