ပွင့်ဖြူ ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဌာနရှိ ဝန်ထမ်းများ၏ သားသမီးများအတွက် ယမန်နေ့က ပညာသင်စရိတ်ထောက်ပံ့ကြေးငွနှင့် ကျောင်းသုံးစာရေးကိရိပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်းသားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ပညာသင်စရိတ် ထောက်ပံ့ကြေးငွေပေးအပ်ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးပြောကြားပြီး ဌာနရှိဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူ ၄၀ ဦးအား မူလတန်းအဆင့် ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် ၁၀၀၀၀၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် ၁၂၀၀၀၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် ၁၄၀၀၀၊ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသား ကျောင်းသူတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၈၄၄၀၀၀ အား ကျောင်းသား ကျောင်းသူများထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး ပညာဆည်းပူးလေ့လာသင်ကြားရာတွင် လိမ္မာရေးခြားရှိပြီး ထူးချွန်ထက်မြက်သူများဖြစ်အောင် ကြိုးစားသင်ယူကြရန် ဆွေးနွေးမှာကြားသည်။
ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ်ကျောင်းဖွင့်ရာသီချိန်၌ ဌာနရှိ ဝန်ထမ်းများ၏ ကျောင်းနေအရွယ်သားသမီးများကို အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် ပညာသင်ထောက်ပံ့ကြေးငွေများကို ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)