အထက်မင်းလှ ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက တောင်ဦးကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်သင်းသင်းအေးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တောင်ဦးကျေးရွာတွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်သိန်း(၁၅၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းကော်မတီအဖွဲ့ဝင်က စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းလုပ်ငန်းများမှာ ရေရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်း(၁၅၀)၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)