သရက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

သရက် ဇွန် ၁၃

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းဆင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားရာမှာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး ဖြစ်ပေါ်လာပုံကို သိရှိစေရန်အတွက် ကျောင်းသား/ကျောင်းသူများကို ဟောပြောပွဲများ ယခုလိုပန်းချီပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ပေးတာဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပန်းချီဆရာ ဦးညွန့်လှိုင်က ဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ပြောကြားပေးခဲ့သည်။                              

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင်ရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ်းဆု(၂)ဆုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေနှင့် တာဝန်ရှိသူအသီးသီးက ဆုများပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက လက်ဆောင်ပပစ္စည်းများ ပေးအပ်ခဲ့သည်။ ဆုပေးပွဲအပြီးတွင် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ(၂၀)ဦးနှင့် ဆရာ/ဆရာမများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်အား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)