ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာ၊ အထက်တန်းကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲပြုလုပ်

ဟင်္သာတ ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ နတ်မော်ကျေးရွာ၊ အထက်တန်းကျောင်းခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ နယ်လှည့်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးက လူငယ်များအသိပညာရရှိစေရေး၊ ဗဟုသုတရရှိစေရေး၊ လူငယ်များယဉ်ကျေးလိမ္မာလာစေရေးတို့အတွက် ယခုလိုဟောပြောပွဲကိုကျင်းပပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ခင်စန္ဒာဆွေက ယခုလို ဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကလေးသူငယ်များအသိပညာ၊ ဗဟုသုတ၊ အတွေးအမြင်ကောင်များ ရရှိလာစေရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ကြောင်း၊ လူငယ်တွေအနေနဲ့ ယခုခေတ်မှာ ဖုန်းသုံးစွဲမှုများပြားလာသောကြောင့် ဖုန်းသုံးစွဲရာတွင် မိမိအတွက် ဗဟုသုတရရှိမည့်အရာမျိုးကို လေ့လာသုံးစွဲသင့်ကြောင်း၊ ပညာရေးအခန်းကဏ္ဍတွင်လည်း သေချာလေ့လာ ဆည်းပူးသင့်ကြောင်း၊ စာပေများကိုလေ့လာဖတ်ရှုသင့်ကြောင်းကို ဟောပြောခဲ့သည်။ ထို့နောက် စာသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က စာသုံးသူအခွင့်အရေးဆိုင်ရာ ဥပဒေများအကြောင်း ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ဆက်ဦးစီးဌာနမှ မှုးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်တို့ကိုပြသပေးခဲ့ကြောင်းနှင့် နတ်မော် အ.ထ.ကကျောင်း စာကြည့်တိုက်အတွက် သုတရသစာအုပ်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)