ရေကြည် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (မြို့မ)တွင် ရေကြည်မြို့နယ်ကြက်ခြေနီ အသင်းခွဲက ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၄)ကို ယနေ့နံနက် (၉) နာရီအချိန်ကဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမောင်မောင်အေးနှင့် အ-ထ-က (မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမြင့်က အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းအား ကျောင်းအကျိုးဆောင်များ၊ ဆရာဆရာမများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ (၆၀) ဦး တက်ရောက်ပြီး သင်တန်းကာလ (၁၂.၆.၂၀၂၄)မှ (၁၄.၆.၂၀၂၄) ထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
မေသန့်ဇင်