သဲကုန်း ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က " ကိုယ်ပိုင်လား၊ အငှားလား၊ ကိုယ်တိုင်တည်ဆောက်ယူမှာလား" (လူငယ်အသိမြင့်မားရေး ဘဝအောင်မြင်ရေးလမ်းညွှန်) စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး (Book club)မှအဖွဲ့ဝင် ဦးဝင်းက လူငယ်များစာပေဝမ်းစာဖြည့်ရာတွင် မိမိနှင့်သင့်တော်သည့် စာအုပ်စာပေများကိုဖတ်ရှုသင့်ကြောင်းပြောကြားခဲ့သည်။ ထို့နောက် (Youth Club) အဖွဲ့ဝင် မောင်ဟိန်းခန့်ဇော်က (မောင်ခင်မင်ဓနုဖြူ)ရေးသားထားသော “ပညာတက်ဖို့ စာဖတ်ရမည်” ခေါင်းစဉ်ဖြင့်လည်းကောင်း (Youth Club)အဖွဲ့ဝင် မလှိုင်းအိဝေက (ဆူးခတ်) ရေးသားထားသော “ပင်လုံးညွှတ်မျှ” ခေါင်းစဉ်ဖြင့်လည်းကောင်း (Youth Club) အဖွဲ့ဝင် မသဲစုနန္ဒာက (ဆရာအောင်သင်း)ရေးသားထားသော “မဆန်းတဲ့ သဘောတရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် (Women Club)အဖွဲ့ဝင်များ၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူဝါသနာရှင်များက ဖတ်ရှုခဲ့ကြပြီးဖြစ်သည့် အကြောင်းအရာများမှရရှိပေးစွမ်းသည့် အသိပညာဗဟုသုတများ၊ လိုက်နာကျင့်သုံးအပ်သည့် အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာ၊ ဗဟုသုတတို့ကိုရရှိသည့်အပြင် အချင်းချင်းရင်းနှီးစွာဖြင့် အတွေးအမြင်များဖလှယ်နိုင်ပြီး စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်ပြီး စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)