ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေး

မကွေး ဇွန် ၁၂

ဇွန်လ (၁၂) ရက်နေ့ (ယနေ့)တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကျော့ကျော့ရီက ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်း၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းတရားများ၊ မူဝါဒနှင့်ဥပဒေအကြောင်းအရာ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု စသည်အကြောင်းအရာမျာအား မကွေးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ  အလုပ်ရှင်နှင့်  မန်နေဂျာများကို အသိပညာပေး ဆွေးနွေး​ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)