ဘိုကလေး ဇွန် ၁၂
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နိကာယ်စာမေးပွဲ(ဝိဒူတန်း)အား ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ဇွန်လ(၇)ရက်နေ့မှစတင်၍ ဇွန်(၁၁)ရက်နေ့အထိ (၅)ရက်တိုင်တိုင် နေ့စဉ်မွန်းတည့်(၁၂)နာရီမှညနေ(၄)နာရီအထိ ကျင်းပဆောင်ရွက်ခဲ့ရာ ယမန်နေ့ ဇွန်(၁၁)ရက်နေ့ မွန်းတည့်(၁၂)နာရီတွင် နိကာယ်ငါးရပ်စာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုခဲ့ကြသည်။
နောက်ဆုံးနေ့စာမေးပွဲတွင် အရှင်သူမြတ်(၁၂)ပါး ဝင်ရောက်ဖြေဆိုကြောင်းနှင့် အုပ်စ(၃)စုမှ အုပ်စုအလိုက် ပရိဝါရပါဠိ၊ ပါဌိကဝဂ္ဂပါဠိ၊ အဌကမှ ဧကာဒသကနိပါတိပါဠိဘာသာများအား ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မိုးစက်