တမူးမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူ

တမူး ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၂၀၂၄) ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က လူစည်ကားသည့် မြို့မစည်ပင်သာယာစျေးရှေ့ ဗိုလ်ချုပ်ပန်းခြံနှင့် အာရှလမ်းမကြီးနှင့် အလောင်းဘုရားလမ်းဆုံတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေး "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့"မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ တမူးခရိုင်နှင့် မြို့နယ်ဦးစီးမှူးများနှင့် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)