နတ်မောက် ဇွန် ၁၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းကျောင်း(တမာပင်)သို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ယမန်နေ့နံနက် ၁၀ နာရီက စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ငှားရမ်းပေးရာတွင် နတ်မောက်မြို့ပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)နှင့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တို့တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/သူများအတွက် စာအုပ်စာစောင်များ အလှည့်ကျအခမဲ့ ငှားရမ်းပေးလျက်ရှိပြီး ကျောင်းသား/ သူများအား အသိပညာပေးနံရံ ကပ်စာစောင်များလည်း ပြသခဲ့သည်။
နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများသို့အရောက်သွားကာ လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း ရုံးဖွင့်ရက်များတွင် နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ မည်သူမဆို အခမဲ့စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလေ့လာနိုင်ရန် မြို့နယ်ရုံးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။
လှဝင်း