သန်းခေါင်စာရင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကော့ကရိတ်မြို့၌ ကျင်းပ

ကော့ကရိတ် ဇွန် ၁၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက သန်းခေါင်စာရင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ပင်မလုပ်ငန်းစဉ် (၄)ရပ်၊ သန်းခေါင်စာရင်းကောက်ကွက်နှင့်စာရင်းစစ်၊ စာရင်းကောက်လိုအပ်ချက်များ၊ သတင်းဖွင့်လှစ်ပို့ချမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအက်(စ်)လင်းရောင်က သန်းခေါင်စာရင်းကောက်ယူမည့် အခြေအနေများ၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် ကော်မတီများမှ လိုအပ်သည့်များကို ဝိုင်းဝန်းပူးပေါင်းအကြံပြု ဆွေးနွေးတင်ပြကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)