ပခုက္ကူခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်စီမံခန့်ခွဲမှုဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်

ပခုက္ကူ  ဇွန် ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ စာကြည့်တိုက်စီမံခန့်ခွဲမှုဆင့်ပွားသင်တန်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ကို ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့် သင်ကြားပို့ချပေးမည့် စာကြည့်တိုက်စီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဆိုင်ရာ ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပွင့်ဖြူမြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က မျိုးတူစုပြုခြင်း၊ ကတ်တလောက်လုပ်ငန်း၊ အက္ခရာစဉ်နည်းဘာသာရပ်များကိုလည်းကောင်း၊ မြိုင်မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးမွန်မွန်ထွန်းက စာစုလုပ်ငန်း၊ စာပြုလုပ်ငန်းဘာသာရပ်များကိုလည်းကောင်း၊ မင်းဘူးခရိုင်မှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ရည်ညွှန်းအမျိုးအစား၊ ရည်ညွှန်းလုပ်ငန်း ဘာသာရပ်များကိုလည်းကောင်း၊ မင်းလှမြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက စာငှားစနစ်ဘာသာရပ်ကိုလည်းကောင်း၊ မင်းဘူးမြို့နယ် ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းနှင့် နတ်မောက်မြို့နယ် ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေတို့က DLMS စာရင်းရေးသွင်းနည်း ဘာသာရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာခရိုင်မှူးများက စားကြည့်တိုက်များ ပုံမှန်စစ်ဆေးခြင်း၊ ပျောက်ဆုံးပျက်စီးမှုအတွက် အစားထိုးခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းဆိုင်ရာ လုပ်ငန်းအကြောင်းတို့ကို အသီးသီး ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပခုက္ကူခရိုင်နှင့် မြို့နယ်ရုံးများမှ အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းစုစုပေါင်း ၂၈ ဦးတက်ရောက်ကြပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှ ၁၂ ရက်နေ့အထိ ၂ ရက်တိုင်တိုင်  စနစ်တကျဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ