ပခုက္ကူမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ကျေးရွာ (၂၄)ရွာတွင် အကော်အထည် ဖော်ဆောင်ရွက် သွားမည်

ပခုက္ကူ နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ကျေးရွာ(၂၄)ရွာတွင် အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပခုက္ကူ မြို့နယ် ၌ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင်  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ကျေးရွာ(၂၄)ရွာတွင် အကောင် အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊  ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းရွေးချယ် ဆောင်ချယ်ဆောင်ရွက်ရာ တွင်လည်းယခင်စီမံကိန်းဝင်ထားသည့်ကျေးရွာများမှအပ စည်းလုံးညီညွှတ်မှုရှိသည့် ကျေးရွာများ၊ အကျိုးခံစား ခွင့်ရှိသည့် အိမ်ထောင်စုနှင့် အိမ်ထောင်စုများသည့် ကျေးရွာများ ကို အဓိကထားရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာတွင်းရှိ  စာသင်ကျောင်း၊ လမ်း၊တံတား စသည့် အခြေခံအဆောက် အဦးများ၊ ကျေးရွာတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ်သိန်း (၁၀၀)စီဖြင့် ကျေးရွာပေါင်း (၂၄)ရွာ အတွက် စုစုပေါင်းကျပ်သိန်း(၂၄၀၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာပြည်သူ အများဆန္ဒ၏ မဲပေးရွေးချယ်စနစ်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးကော်မတီကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတို့ကိုယ်တိုင် ရွေးချယ်အကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ဌာန အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြီးကြပ်ခြင်း၊ နည်းပညာပံ့ပိုးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်ခင်ဇာဝင့်က ပြောပြသည်။

ပခုက္ကူမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၂၄)ရွာများမှာ ရွာသာယာ၊ သရက်တော၊ ကူ၊ မိချောင်းတွင်း၊ ပေါင်လောင်ကန်၊ မြို့ခင်းသာ၊ ထိန်းပင်ခုံ၊ ကျွန်ညိုကြီး၊ နတ်ကျွန်း၊ မယ်ဇလီပင်ကုန်း၊ ဆယ်ပင်စု၊ တင်းဂါတ်၊ ညောင်ဂျစ်ပင်၊ လက်ပံချောင်း၊ ဆိပ်ကမ်းသာယာ၊ ချမ်းသာကြီး၊ လယ်ယာ၊ လက်ပံပင်စု၊ လယ်ယာ(အနောက်)၊ ညောင်နီပင်၊ ရှင်မကန်၊ ရေနံချပ်၊ ပြည့်အိုင်နှင့် ထန်းခြောက်ပင် စသည့် ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)