နေပြည်တော် ဇွန် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၈၀၂ ဦးအနက် အောင်မြင် သူ ၇၅၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၄၆၊ ကျွန်းလှမြို့နယ်ရှိ အ.ထ.က (ကျွန်းလှ) စာစစ်ဌာနတွင် စုစုပေါင်း ၉၉ ဦးအနက် အောင်မြင်သူ ၆၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၉ ဒသမ ၇၀၊ မုံရွာမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၄၃၈ ဦးအနက် အောင်မြင်သူ ၂၃၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၁ ဒသမ ၉၄၊ ကလေးမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၈၄၆ ဦးအနက် အောင်မြင်သူ ၅၃၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၁ ဒသမ ၆၉၊ ကလေးဝမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၁၃၃ ဦးအနက် အောင်မြင်သူ ၇၂၊ တမူးမြို့နယ်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာစစ်ဌာန၌ စုစုပေါင်း ၂၃၅ ဦးအနက် အောင်မြင်သူ ၁၈၃ ဦးဖြင့် အောင်ချက် ၇၈ ရာခိုင်နှုန်း၊ ရွှေဘိုမြို့နယ် အထက(၂)စာစစ်ဌာန၌ စုစုပေါင်း ၄၂၂ ဦးအနက် အောင်မြင်သူ ၂၇၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၂၂၊ ကန့်ဘလူမြို့နယ်တွင် စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၅၂၅ ဦးတွင် အောင်မြင်သူ ၃၄၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၆ ဒသမ ၂၈၊ အင်းတော်မြို့နယ်ရှိ စာစစ်ဌာန(၂)ခု၌ စုစုပေါင်း ၁၄၀ ဦးအနက် အောင်မြင်သူ ၉၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၇၁၊ ခန္တီးမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၁၆၁ ဦးအနက် အောင်မြင်သူ ၅၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၄ ဒသမ ၁၆ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
R&D
