ညောင်လေးပင် ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် (၁၁)နာရီက (မူလွန်-စံဖဲ)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ(မူလွန်-စံဖဲ)ကျောင်းမှ ဆရာမဒေါ်ရူပနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက လူငယ်ရေးရာနှင့်ပတ်သတ်သည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားဟူသည်၊ ကလေးအလုပ်သမား အဓိပ္ပါယ်၊ ကလေးအလုပ်သမားရည်ရွယ်ချက်စသည်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်တက်ရောက်လာကြသည့် ကလေးငယ်များက ကလေးအလုပ်သမားနှင့် ပတ်သတ်သည့် အကြောင်းအရာပါ နံရံကပ်စာစောင်များပြသပေးရာ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ/ရသစာအုပ် (၁၀၀)အုပ်အား ငှားရမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)