ဇီးကုန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီ၊ နတ်တလင်းခရိုင်၊ ဇီကုန်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က သာပေါင်းကျေးရွာအုပ်စု၊ လယ်တွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သွယ်သွယ်လင်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ရီရီမြင့်က စက္ကူပြဇာတ်ပြသခြင်း၊ ပုံပြင်ပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခင်က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာနှင့်ပတ်သက်၍ ဘေးအန္တရာယ်ရှိသော စားသောက်ကုန်များအကြောင်း၊ သိသင့်သိထိုက်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာများအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသောမုန့်များနှင့် သက်တမ်းလွန်မုန့်များ၊ စားသုံးရန်မသင့်သော အစားအသောက်များကိုလည်းကောင်း၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိဒေါ်ယမင်းသန့်က သဘာဝဘေးအန္တရာယ်များ အကြောင်းကိုရှင်းလင်း၍ ဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်စီမံဆောင်ရွက်ရန်အချက်များ၊ ဆောင်ရန်/ရှောင်ရန် အချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသောစာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)