၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကသာမြို့နယ်မှ (၄) ဘာသာဂုဏ်ထူးရရှိသူ (၃) ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာခိုင်နှုန်း (၆၂.၉၁)ရှိ

ကသာ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄) ဘာသာဂုဏ်ထူးရရှိသူ (၃) ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာခိုင်နှုန်း (၆၂.၉၁) ရှိကြောင်း သိရသည်။

ကသာမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၂၇၅) ဦးရှိပြီး အောင်မြင်သူဦးရေ (၁၇၃) ဦးရှိရာ ‌အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၆၂.၉၁) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကသာမြို့နယ်မှ (၄) ဘာသာဂုဏ်ထူးရရှိသူ (၃) ဦး၊ (၃) ဘာသာဂုဏ်ထူးရရှိသူ (၂) ဦး၊ (၂) ဘာသာဂုဏ်ထူးရရှိသူ (၁) ဦး၊ (၁) ဘာသာဂုဏ်ထူးရရှိသူ (၁၃) ဦးရှိပြီး ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိသူ မြန်မာစာ (၁) ဦး၊ အင်္ဂလိပ်စာ (၂) ဦး၊ သင်္ချာ (၁၀) ဦး၊ ဓာတုဗေဒ (၄) ဦး၊ ရူပဗေဒ (၂) ဦး၊ ဇီဝဗေဒ (၄) ဦး၊ ပထဝီဝင် (၃) ဦး၊ သမိုင်း (၂) ဦး၊ ဘောဂဗေဒ (၅) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရဲလင်းထွန်း(ကသာ)